(၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

တောင်ကုတ် မေ ၅

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ အချိန် တောင်ကုတ်မြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွေးက (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ သ၀ဏ်လွှာအား ဖတ်ကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဗိုလ်မှူး နန္ဒဇော်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆွေလင်းမောင်တို့က ရာထူးတိုးမြှင့်ခြင်း ခံရသည့် တပ်ဖွဲ့ဝင်တစ်ဦးအား ရာထူးအဆင့် တံဆိပ်တပ်ဆင်ပေးပြီးနောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ၀င်များနှင့် အိမ်ထောင်သည်မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ တက်ရောက်ကြသည်။

မီးသတ်တပ်ဖွဲ့နေ့သည် မြန်မာနိုင်ငံတစ်၀န်းလုံးရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ဗမာနိုင်ငံလုံး ဆိုင်ရာ မီးသတ်ညီလာခံ ကျင်းပခဲ့သည့်နေ့ကို မီးသတ်တပ်ဖွဲ့နေ့ အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်