ဇေယျာသီရိ မေ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံသံဂဟေဆက်သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး၊ ဦးမျိုးမျိုးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစိုးလင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးမျိုးဇော်မှသင်တန်းသား/သူများကိုယ်စား သင်တန်းသား တစ်ဦးထံသို့သင်ထောက်ကူပစ္စည်းများအားပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ သင်တန်းသား ၂၀ ဦးတက်ရောက်သင်ကြားပြီး သင်တန်းတွင် သင်တန်းနည်းပြ ဦးကျော်ကြီးမှ တည့်ဆက်နည်း၊ ၄၅ ဒီဂရီ ဆက်နည်း၊ ၉၀ ဒီဂရီ ဆက်နည်း၊ Over Heat ဆက်နည်း၊ ပိုက်ဖြတ်နည်း၊ ပိုက်ဟက်နည်းများကို မေလ ၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)