ကျိုက်ထိုမြို့နယ်တွင် (၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် သောက်သုံးရေ လှူဒါန်း

ကျိုက်ထို မေ ၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၆)နှစ်မြောက်  မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်ပိုင်းက  တောင်ပိုင်းရပ်ကွက်ရှိ ပြည်သူများအား    သောက်သုံးရေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သောက်သုံးရေ လှူဒါန်းရာတွင် မြိုနယ်မီးသတ် ဦးစီးမှူး ဦးရဲညွန့်ထွေး နှင့် တပ်ဖွဲ့၀င်များက  (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ရေရှားပါးသော ရပ်ကွက်များသို့       သန့်ရှင်းသော  သောက်သုံးရေများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း တောင်ပိုင်းရပ်ကွက် ရှိ အချို့သော သောက်သုံး ရေတွင်းများ၊ ရေကန်များတွင် နွေရာသီပူပြင်းသော အပူချိန်ကြောင့် ရေများ ခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့် သောက်ရေအခက်အခဲ မဖြစ်စေရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့် တပ်ဖွဲ့ဝင် များက မီးသတ်ရေသည်ယာဉ်ဖြင့် ရေဂါလံ(၂၈၀၀)ကို ဖြန့်ဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 သန်းသန်းမော်(ကျိုက်ထို)