မလှိုင် မေ ၅
မလှိုင်မြို့နယ်၊ အုပ်ကြီးကျေးရွာအုပ်စု၊ အုပ်ကြီးကျေးရွာတွင် မေလ ၃ ရက်နေ့ နံနက် (၂) နာရီအချိန်က မိုးရွာသွန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုးလန်၊ မြားတန်းများ ပျက်စီးမှုအပေါ် ယနေ့နေ့လယ် (၁၂) နာရီအချိန်က အဆိုပါကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က ဦးကျော်လွင်၏ ၄ ပင် ၃ ပင် လူနေအိမ် အမိုးလန်ကာ သွပ် (၂၄) ချပ်၊ မြားတန်း (၆) ချောင်း ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးဒေါ်ဆုဝေမိုး၊ အုပ်ကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းတို့မှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ထောက်ပံ့ငွေကျပ် (၉၈၄၀၀) အား ဦးကျော်လွင်၏ လူနေအိမ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
အောင်ဌေး (မလှိုင်)