ပြင်စလူ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Book Club) နှင့် (Youth Club) အဖွဲ့ဝင်များဖြင့် ဒေါက်တာမတင်၀င်း (ပညာရေးတက္တသိုလ်)ရေးသားထားသော စကားနှင်းပွင့် များ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၁နာရီအချိန်ခန့်က ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် (Book Club) ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးရဲ၀င့်ထွန်းက စကားနှင်းပွင့်များ စာအုပ်ထဲမှ စေတနာသာဓာန စာအုပ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်အိအိမွန်က (Book Club)အဖွဲ့၀င်က စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး စကားနှင်းပွင့်များ စာအုပ်ထဲက စွန့်စားမလား၊ စွန့်လွှတ်မလား စာအုပ်ဖြင့်လည်းကောင်း၊ ဦးရန်လင်းပိုင်း()အဖွဲ့၀င်က ဘ၀ဆိုတာ ရပ်မနေဘူးခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းကို ကောင်းတဲ့ စံနမူနာ၏ အားကိုယူကာ ကလေးများကို လူကောင်း သူကောင်း ကလေးများအဖြစ် ရှေ့ဆောင်လမ်းပြဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ (Book Club) နှင့် (Youth Club) အဖွဲ့ဝင်(၁၅)ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့ပြန်/ဆက်)