ဆွမ်ပရာဘွမ် မေ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ နွေရာသီ English စာအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့သည်။
အဆိုပါ နွေရာသီ English စာ အခြေခံသင်တန်းဖွင့်ပွဲတွင် ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးချစ်စမ်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ဆွမ်ပရာဘွမ်မြို့ ဒုတိယပညာရေးမှူး ဦးနေလင်းအောင်မှလည်း သင်တန်းသူ/သင်တန်းသားများအား အားပေးစကားပြောကြားခဲ့ကာ သင်တန်းရက်ကို မေလ၇ရက်နေ့မှ ၁၆ရက်နေ့အထိ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဂျေအားနာက လက်ခံသင်ကြား ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းအကြီးတန်း ၆ဦးအား အထက်တန်း Gramma သင်ပေးမည်ဖြစ်ပြီး အငယ်တန်း ၉ဦးအား English အခြခံ Gramma သင်ပေးမည်ဖြစ်ကာ သင်တန်းသူ/သင်တန်းသားစုစုပေါင်း ၁၅ဦးအား ညနေ၃နာရီမှ ၄နာရီအထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)