သတင်းများ

ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ
May 07,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose  ထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီမှ ပေါက်တောမြို့နယ်အတွင်းရှိ သတ်မှတ်ထားသောဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။
ငါးဖျင်းသလက်ကျေးရွာတွင် The Nippon Foundation မှ ဆောက်လုပ်လှူဒါန်းသော ၇၀'×၃၀' (RC)နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
May 07,2022
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ငါးဖျင်းသလက်ကျေးရွာတွင် The Nippon Foundation မှ ဆောက်လုပ်လှူဒါန်းသော ၇၀'×၃၀' (RC)နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲကို မေလ ၇ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူရေးရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်
May 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပူးပေါင်းကာ စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre၌  ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် Talk Show ကျင်းပ
May 07,2022
မေလ(၈)ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်၁၀ နာရီအချိန်ကရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌  ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အလုံမြို့နယ်၌  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေး ဆက်လက်ထိုးနှံ​ပေး 
May 07,2022
ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင်  ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက်  ဦးတည်အုပ်စုများအလိုက်ထိုးနှံခြင်းကို အလုံမြို့နယ်ခန်းမ၌ ထိုးနှံ​ပေးလျက်ရှိရာ   ယ​နေ့တွင်  Phrase-8 ဒုတိယအကြိမ် ထိုးနှံသူ(၁၁)ဦး ၊ Phrase-9 ဒုတိယအကြိမ် ထိုးနှံသူ (၃၀)ဦး၊ Boosterထိုးနှံသူ(၁၆၀) ဦးတို့အား ထိုးနှံ​ပေးခဲ့​ကြောင်းသိရသည်။
အိမ်မဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
May 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်း သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
May 07,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုး တန်ဖိုးထား သူများပိုမို တိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ နမ့်ဆန်မြို့နယ် Community Centre ခန်းမ၌စာဖတ်ဝိုင်းကို ယမန်နေ့ လည် (၁) နာရီ အချိန်ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေး
May 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။