လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ဒေသထွက်ကုန်များဖြင့် ရပ်ရွာ အခြေပြု အိမ်တွင်းမှု သင်တန်းဖွင့်လှစ်ခြင်း သင်တန်းဆင်းပွဲကျင်းပ

ပုသိမ် မေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အောင်သုခ ကျေးရွာတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ရပ်ရွာအခြေပြု မုန့်လုပ်နည်းသင်တန်းကို ၃-၅-၂၀၂၂ မှ ၅-၅-၂၀၂၂ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပါသည်။

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်နော်သာဝါးနှင့် အပင်နှစ်ဆယ် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး ဒေသထွက် ကုန်များနှင့် မုန့်လုပ်နည်း ၁၀ မျိုး သင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ပုသိမ်ခရိုင်ပြန်/ဆက်