မြောင်းမြ မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus) ဖြင့် စာပေဝါသနာရှင်အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယနေ့နံနက်က မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာများသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများလက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။
စာပေကိုချစ်မြတ်နိုးပြီး စာပေနှင့်မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများ မိမိတို့ အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေပဲအဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့်နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ စာပေလေ့လာနိုင်ရေးတို့ အတွက် Mobile Library Bus ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်း ပေးရခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြောင်းမြခရိုင်ပြန်ဆက်