သာပေါင်း မေ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ယနေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေကို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၇ နာရီအချိန်က ရပ်ကွက်(၃)၊ ကန္နားလမ်းရှိ အရန်မီးသတ်ရုံးနှင့် တပ်ဖွဲ့ဝင်များအား ကြည့်ရှုစစ်ဆေးအားပေး ထောက်ပံ့ ခဲ့ကြသည်။
ထိုသို့ အရန်မီးသတ်ရုံးနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူလွင်၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်ဝေလွင်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အရန်မီးသတ်ရုံးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ကို ကြည့်ရှု့စစ်ဆေး အားပေးစကား ပြောကြားကြပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းမှ အရန်မီးသတ်တပ်ဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)