သိန္နီမြို့နယ်၌ (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

သိန္နီ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို သိန္နီမြို့ ဝဋ်ကြွေးပြေ စေတီတော် အတွင်း၌ ယနေ့နံနက် ၆ နာရီအချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ဆောင်ရွက်ရာတွင် သိန္နီမြို့ မီးသတ်ဉီးစီးဌာနမှ ဉီးစီးအရာရှိ ဉီးမင်းမင်းသစ် ဉီးဆောင်သော တပ်ဖွဲ့ဝင်အင်အား (၃၀)ဉီးသည် သိန္နီမြို့ ဝဋ်ကြွေးပြေ စေတီတော်အတွင်း၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စေတီတော်များတွင် ရေသပ္ပာယ်ခြင်း၊ မြက်ပင်နှင့် ခြုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့ပြင် မီးသတ်ဦးစီးဌာနရုံးတွင်လည်း ဒေသခံပြည် သူများအား ဖိတ်ခေါ်၍ ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)