မျိုးသန့်မျိုးစေ့ပေးအပ်ပွဲ ဘိုကလေးမြို့နယ်၌ ကျင်းပ

ဘိုကလေး မေ ၆

ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူဦးကြီးများအား မျိုးသန့်ပြန့်ပွားရေးအတွက် မျိုးသန့်မျိုးစေ့ပေးအပ်ပွဲကို ရွှေခေတ်အားမာန် မျိုးစေ့ထုတ်ရုံတွင် ယမန်နေ့နံနက် (၈)နာရီအချိန်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများ တက်ရောက်ခဲ့သည်။

မျိုးသန့်မျိုးပွားမျိုးစေ့ (RS)မျိုးများကို ကျေးရွာအုပ်စု (၂၀)မှ တောင်သူ (၈၃)ဦးအား ပေးအပ်ခဲ့သည်။ ပေါ်ဆန်းရင်မျိုးသန့်မျိုးစေ့ (RS)ကို ပေးအပ်ပြီး စီးပွားဖြစ်မျိုးစေ့ (CS)ကို ထုတ်လုပ်ကာ ဒေသခံတောင်သူများသို့ ဖြန့်ဖြူးပေးခြင်းဖြင့် တောင်သူများမျိုးသန့်စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ပြီး အခြားဒေသ စပါးမျိုးများထက် အထွက်ကောင်းပြီး ဆန်ကြိတ်ခွဲရာတွင်လည်း ဈေးကောင်းရသည့်အတွက် တောင်သူများ ဝင်ငွေတိုးပွားနိုင်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)