ကွတ်ခိုင်မြို့၌ မြေပဲအထွက်တိုးစိုက်ပျိုးရေး တောင်သူပညာပေးသင်တန်း ဖွင့်လှစ်

ကွတ်ခိုင် မေ ၆



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)တို့ ပူးပေါင်းကျင်းပပြုလုပ်သော မြေပဲအထွက်တိုးစိုက် ပျိုးရေး တောင်သူပညာ ပေးသင်တန်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအောင်မျိုးဝေက အဖွင့်အမှာစကားပြောကြားရာတွင်စိုက်ပျိုးရေးဦးစီးဌာနသည် မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်ရေးအတွက် ဆောင်ရွက်ရန်၊ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်၊ သီးနှံအလိုက်စိုက်ပျိုးရာတွင်
နည်းစနစ်ကောင်းများ စိုက်ပျိုးခြင်းရန် တာဝန်ကြီး(၃)ရပ်ကို အဓိကထားဆောင်ရွက်းရတာဖြစ်ကြောင်း၊ တောင်သူများအား ပညာပေးဆွေးနွေးပွဲများ၊ စံပြကွက်များ စိုက်ပျိုးပြီးတောင်သူတွေကို လေ့လာပြသကြည့်ရှု့ခြင်းဖြင့် နည်းစနစ်ကောင်းများဖြင့်စိုက်ပျိုးလာစေရန် စျေးကွက်ဝင်တဲ့ သီးနှံတွေစိုက်ပျိုးလာစေရေးအတွက် ရာသီဥတုနှင့် လိုက်လျောညီတဲ့ သီးနှံစိုက်ပျိုးလာစေရေးနှင့် ဓာတ်မြေသြဇာကိုလျော့ချပြီး သဘာဝမြေသြဇာတွေသုံးစွဲစေရန်တို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှတာဝန်ခံဒေါ်သဥ္စာထူးက ယနေ့ဖွင့်လှစ်တဲ့ စိုက်ပျိုးသင်တန်းဟာဆိုရင် နည်းပညာပိုင်းဆိုင်ရာ အသိပညာများကို တောင်သူတွေအနေနဲ့မှတ်သားပြီး မိမိတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်ပြီးအသုံးချမယ်ဆိုရင် အမြဲတမ်းအတွက်အကျိုးရှိသွားမှာဖြစ်ကြောင်း ဒါတွေကို ရည်ရွယ်ပြီး သင်တန်းတွေဖွင့်လှစ်ရတာဖြစ်ကြောင်း၊ တောင်သူများအနေနဲ့ သင်ခန်းစာများကို သေချာလိုက်နာမှတ်သားပြီး လက်တွေ့မှာအသုံးချနိုင်မှသာ အကျိုးရှိမှာဖြစ်ကြောင်း၊ တို့ကိုရှင်းလင်းပြောကြားခဲ့ပါသည်။
သင်တန်းသို့ မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမြတ်ထွန်းအောင်နှင့် ဝန်ထမ်းများ၊ နမ့်ဖတ်ကာ၊ မုံးစီး၊ မိုင်းယု၊ နမ္မတူ၊ လားရှိုးမြို့တို့မှ တောင်သူ(၁၈)ဦးနှင့် စိုက်ပျိုးရေး ဝန်ထမ်း(၁၃)ဦးတက်ရောက်ရာ သင်တန်းဆရာ(၄)ဦးတို့ဖြင့် ပို့ချပေးသွားမှာဖြစ်ပြီး သင်တန်းကာလမှာ(၅−၅−၂၀၂၂)မှ (၆−၅−၂၀၂၂)(၂)ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)