သာပေါင်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မိခင်ကလေးဌာနနှင့် ကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ၊ အသက်(၁၈)နှစ်နှင့်အထက်၊ ဒုတိယအကြိမ်ကာကွယ်ဆေး Phase-8/9၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Actra Zeneca) (Covaxin) ဆေးထိုးနှံနိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များမှ ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ နေ့စဉ် ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ (Covaxin) (Sinovac) ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ကျ ဌာနဆိုင်ရာများမှ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ကျေးရွာများအရောက် အိမ်တိုင်ရာရောက် လှည့်လည်ရှင်းလင်းပြောကြား ကြည့်ရှုအားပေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ပေးကြရာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် (၂၂)ဦးတို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ (Covaxin)ထိုးနှံပေးပြီး၊ အသက်(၁၈)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမှ ကာကွယ်ဆေးမထိုးနှံရသေးသူ Phase-10(Sinovac) (၃၉)ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေး Phase-8/9 (၅၈၃)ဦး (COVISHIELD)၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Actra Zeneca) (၅၀)ဦး၊ (Covaxin)(၇၇)ဦး စုစုပေါင်းပြည်သူ (၇၇၁)ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)