ရှမ်းရွာသစ် မေ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မဲသမူးကျေးရွာအုပ်စုရှိ လှိုင်းဘွဲ-ရှမ်းရွာသစ်ကတ္တရာလမ်းမှ ထီးတပလူးကျေးရွာချင်းဆက် မြေသားလမ်း(၂)မိုင် ဖောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလမှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသ တစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများနှင့် လူမှုစီးပွားများစွာ ယခင်ကထက်တိုးတက်လာသည့်အပြင် မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုသည်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းကြောင့် အချိန် တိုအတွင်း တိုးတက်ပြောင်းလဲ လာပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ထီးတပလူးထကျေးရွာချင်းဆက်လမ်း မြေသားလမ်း(၂)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ပြည်နယ်) ခွင့်ပြုရန်ပုံငွေ ကျပ် (၇၆.၆၉၉)သန်းဖြင့် စိုးပါဝါနိုင်ကုမ္ပဏီမှ တာဝန်ယူ၍ ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)