ပန်းတောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပန်းရံသင်တန်း ဖွင့်လှစ်

ပန်းတောင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်း‌တောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၂၃ ခု ဘဏ္ဍာ ရေးနှစ် ၊ ပြည်ထောင်စု ရန်ပုံငွေဖြင့် " အသက်မွေး ဝမ်းကျောင်းအ‌ထောက်အကူပြု ပန်းရံသင်တန်း"ကို ယမန်နေ့ နံက်ပိုင်းက ပန်း‌တောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားအား ပန်း‌တောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦး‌အောင်သူရမှ တက်ရောက် အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်မှ သင်တန်း ဖွင့်လှစ်ပေးရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ ဖိတ်ကြားထားသော သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ​မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ကျေးရွာအုပ်စု(၄) အုပ်စု အုပ်ချုပ်ရေးမှူးများမှ တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သင်တန်းကို မေ (၅)ရက်နေ့မှ (၂၄)ရက်နေ့ထိ ရက်(၂၀) စာတွေ့၊ လက်တွေ့၊ သင်တန်းပို့ချပေးသွားမည်ဖြစ်​ပြီး နတ်မောက် ကျေးရွာအုပ်စု၊‌ ဒေါင်းမြတ်နား‌ကျေးရွာ အုပ်စု၊ သရက်လိန်ကျေးရွာအုပ်စုနှင့် တောင်ဘွေကျေးရွာအုပ်စု‌ရှိ ကျေးရွာများ​မှ စိတ်ပါ ဝင်စားသည့် သင်တန်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး