အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် Talk Show ဆောင်ရွက်

အိမ်မဲ မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မေလ ၈ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် Talk Show ကို မေလ ၄ ရက်နေ့ ညနေ ၄ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိမ်မဲမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်စန်းယုရွှေက ကြက်ခြေနီသမိုင်းကြောင်း၊ မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ဦးက ကြက်ခြေနီအခြေခံမူ (၇)ချက်များအကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့သည်။

အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ပြိုင်ပွဲများ၊ အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)