နွားထိုးကြီး မေ ၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် ပဲချက်ကျေးရွာ၊ နဘဲမြစ်ကျေးရွာ၊ ရေလည်ကျေးရွာနှင့် ကန်နားကျေးရွာတို့တွင် အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် လေဘေးသင့် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီကမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက လေဘေးသင့် ပြည်သူများအား နွေးထွေးစွာ တွေ့ဆုံအားပေးစကားပြောကြားပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများမှ နေအိမ် (၂၂)လုံး၊ ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းနှင့် ပြိုကျနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၁၆၄၂၀၀၀)၊ ကျောင်းဆောက်ပစ္စည်းငွေ (၉၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၂၄)စုမှ လူဦးရေ(၉၄)ဦးတို့အတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေကျပ် (၁၉၇၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည် (၁၆)မျိုး၊ ပြိုကျနေအိမ် (၂)လုံးအတွက် (၉၂၀၇၂)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်