သတင်းများ

အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
May 10,2022
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ကျောင်းပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပခဲ့ကြောင်းသိရသည်။
ကွန်ဟိန်းမြို့၌  ပဉ္စမတန်း ( Grade-5 ) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌  ပဉ္စမတန်း ( Grade-5 ) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား  ယနေ့ နံနက် (၉:၀၀)နာရီအချိန်ခန့်က အ-ထ-က (ကွန်ဟိန်း)ကျောင်းတွင်  ဖွင့်လှစ်သင်ကြား ပို့ချ​ပေး​လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာတနခွန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် Grade-5 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
May 10,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်
မြင်းခြံမြို့တွင် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်အခမ်းအနား အောင်မြင်စွာပြီးမြောက်နိုင်ရေး ဝိုင်းဝန်းကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
May 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြီးစီးခဲ့သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဂုဏ်ပြုနေ့လည်စာ ဧည့်ခံကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စာဖြေသံဃာတော်များ အေးချမ်းစွာဖြေဆို
May 10,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို စာဖြေဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း အထက(ပုသိမ်ကြီး)၌ ယနေ့မွန်းတည့် ၁၂ နာရီက စာဖြေသံဃာ၊ သီလရှင်များ အေးချမ်းစွာဖြင့် လာရောက်ဖြေဆိုလျက်ရှိသည်။
မိုးတွင်းကာလ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် တူးဖော်ပေး
May 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများအား လူအင်အား၊ စက်ယန္တရားများဖြင့် တူးဖော်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက မင်းပိုင်းရပ်ကွက် မြူရုံးလမ်းထိပ်၌ ပြုလုပ်လျက်ရှိသည်။
ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
May 10,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲ အချိန်က ပခုက္ကူမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမတွင် ကျင်းပသည်။