သတင်းများ

မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် စတင်တာဝန်ထမ်းဆောင်မည့် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၌ စတင်တာဝန်ထမ်းဆောင်မည့် နည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမများအား ကြိုဆိုပွဲကို ယမန်နေ့နံနက်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အိမ်မဲ​မြို့နယ် Community Centre ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
May 10,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသားကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင်၌ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
May 10,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကလောမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
May 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌၊ ယနေ့ နံနက် ၁၀ နာရီအချိန်နာရီ အချိန်က စာရေးဆရာ ဩမြတ်မေကိုရေးသားသည့် ကြယ်စင်များဆီသို့နှင့်အာရှလူငယ်ဝထ္ထုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရမ်းဗြဲမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ
May 10,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁)တွင် စိုက်ပျိုးခဲ့ကြပါသည်။
မိုးကောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်
May 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းကို မေ(၁၀)ရက်နံနက်(၁၀) နာရီတွင် အဆိုပါဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျုံပျော်တွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်
May 10,2022
ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအထူးကောင်းမွန်ရန်၊ မွေးဖွားသည့်ကလေးငယ်များ ဖွံ့ဖြိုးကျန်းမာသန်စွမ်းစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 5 (သင်ရိုးသစ်)ဆင့်ပွားသင်တန်း ဖွင့်လှစ်
May 10,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 5(သင်ရိုးသစ်) ဆင့်ပွား သင်တန်းကို ယနေ့ နံနက်(၉)နာရီက ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ် သင်ကြားလျက် ရှိကြောင်း သိရသည်။