ကျောက်တံတားမြို့နယ်တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲကျင်းပ
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဆရာ/ဆရာမများအား Grade-5 သင်ရိုးသစ်သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-5 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများ သိရှိစေရန်နှင့် Grade-5 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ယေဘုယျဦးတည်ချက်များနှင့် အဓိက ဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျောက်တံတားမြို့နယ်၊ အခြေခံ ပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။