အိမ်မဲ မေ ၁၀
ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ကျောင်းပညာ့ဗိမာန်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဝင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေး ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ စီစဉ်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်သင် တန်းနည်းပြဆရာကြီးမှ သင်တန်းအချက်အလက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို အ.ထ.က(၁)ကျောင်းနှင့် အ.ထ.က(၂)ကျောင်းတို့တွင် နည်းပြ(၆၆)ဦးမှ မူလတန်းပြဆရာ/မနှင့် ကျောင်းအုပ်ကြီးများ စုစုပေါင်းသင်တန်းသား/သူ(၁၀၂၆)ဦးကို ၄ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့သင်တန်းတွင် မြန်မာစာ၊ Generic Topics၊ နံရံကပ်စာစောင်လုပ်ကြမယ်၊ ပလပ်စတစ်အိတ်လေး၏ ခရီစဉ်၊ အင်္ဂလိပ်စာ၊ My School(unit-6)၊Time and Seasons (unit-2)တို့ကိုသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ်(အိမ်မဲ)