ကွန်ဟိန်း မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ပဉ္စမတန်း ( Grade-5 ) သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းအား ယနေ့ နံနက် (၉:၀၀)နာရီအချိန်ခန့်က အ-ထ-က (ကွန်ဟိန်း)ကျောင်းတွင် ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ နည်းပြတို့က Grade-5 သင်ရိုးသစ် သင်ခန်းစာများကို Online ဖြင့် သင်ကြားပို့ချပေးရာတွင် တက်ရောက်ခဲ့သော ဆရာ၊ဆရာမနည်းပြများမှ ပြန်လည်ဆင့်ပွားပို့ချသွားမည်ဖြစ်ပါသည်။
အဆိုပါ သင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ (၁၀)ရက်မှမေလ ( ၁၃ )ရက်နေ့အထိ (၄)ရက်တာ ကြာမြင့်မည်ဖြစ်ပါသည်။ယင်းသင်တန်းတွင် မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ (၁၃၀ )ဦး တက်ရောက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြည့်(ကွန်ဟိန်း)