ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် Grade-5 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ပြည် မေ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း ပညာတနခွန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်းအဆင့် Grade-5 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က အဖွင့်အမှာစကား ပြောကြားပြီး၊ ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့က သင်တန်းသား၊ သင်တန်းသူ (၈၈၂)ဦးနှင့် နည်းပြဆရာ၊ဆရာမ (၆၈)ဦး စုစုပေါင်း(၉၅၀)ဦးအတွက် တစ်ဦးလျှင် (၈၀၀၀) ကျပ်နှုန်းဖြင့် ၇၆သိန်းအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ  ထောက်ပံ့ပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်ူပညာရေးမှူးရုံး(ရုံးခွဲ)မှ ဆရာမကြီး ဒေါ်စန်းစန်းဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက်  ဆရာမကြီး ဒေါ်စန်းစန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ၅ချက် သင်တန်းသား၊ သင်တန်းသူများနှင့် အခမ်းအနား တက်ရောက်လာသူများအား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မေလ ၁၀ ရက်မှ မေ၁၃ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်သူများနှင့် နည်းပြများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းမင်း