သတင်းများ

သနပ်ပင်မြို့နယ်၌ မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်) သင်တန်းဖွင့်ပွဲကျင်းပ
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမများကို သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီ အချိန်က အထက(သနပ်ပင်)ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
May 10,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံရှေးဦးပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကျင်းပ
May 10,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန် ရည်ရွယ်၍ စစ်တုရင်ပြိုင်ပွဲကို ယမန့်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် Grade -5 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်
May 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် Grade -5  သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(သုံးဆယ်)၌  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တိုက်နယ်‌ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
May 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်‌ရေးနှင့် ထိရောက်စွာ ကုသထိန်းချုပ်နိုင်‌စေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံတိုက်နယ်ဆေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့၌ Barrier Free Tourism  ဝန်ဆောင်မှုသင်တန်းဖွင့်လှစ်
May 10,2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ခရီးသွားလုပ်ငန်း ဖော်ဆောင်ခြင်းဆိုင်ရာ ဟိုတယ်နှင့်တည်းခိုရိပ်သာများအတွက် အခြေခံဝန်ဆောင်မှုသင်တန်းကို ယနေ့ နံနက် (၉) နာရီက  တောင်ကြီးမြို့ Royal Taunggyi Hotel ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ စာကြည့်တိုက်များသို့ ပြန်လည်ပေးအပ်လှူဒါန်းပွဲ ကျင်းပ
May 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community centre တွင် ယနေ့နံနက်(၁၀:၀၀)အချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ မှတ်ပုံတင်ရရှိပြီး ရှင်သန်လျက် ရှိသော စာကြည့်တိုက်များသို့ ပြန်လည် ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
May 10,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းအချိန် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။