ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်‌နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်တလင်း  မေ   ၁၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေ၀င်းနှင့်အဖွဲ့သည် နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းအချိန် က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နတ်တလင်းမြို့နယ် ရန်ကုန်-ပြည် ကားလမ်းဘေးရှိဆေးရုံသစ် ဆောက်လုပ်နေမည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဖူဆယ်ကွင်းနှင့် တင်းနစ်ကွင်းတည်ဆောက်နေမှုအား  ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များကို ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းလေးရပ်ကွက်ရှိ သကျမဟာမြတ် မုနိဘုရားကြီးအား ဝင်ရောက်ဖူးမြော်ခဲ့ပြီး အလှူငွေများ ဆပ်ကပ်လှူဒါန်းကာ ဘုရားကြီးဝန်းအတွင်း ပါဠိပထမပြန်စာဖြေသံဃာတော်များအား ဝင်ရောက်ကြည့်ရှုခဲ့ပြီး မြို့နယ် သံဃာနာယက ဥက္ကဋ္ဌ ဆရာတော်နှင့်အဖွဲ့အား အလှူငွေများဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)