ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကျင်းပ

ကလိန်အောင် မေ ၁ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ စစ်တုရင်ပြိုင်ပွဲကို ယမန့်နေ့  မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ ကစစ်တုရင်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာ အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့ (ပြန်/ဆက်)