သနပ်ပင် မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းများရှိ ဆရာ၊ ဆရာမများကို သင်ကြားပို့ချမည့် မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်)သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီ အချိန်က အထက(သနပ်ပင်)ဇီဇဝါ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်)သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်မြင့်မှ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြို့နယ်အဆင့် Grade-5 (သင်ရိုးသစ်)သင်တန်းကို ကြီးကြပ်ဆရာ ဆရာမ(၉)ဦး နည်းပြဆရာ/ဆရာမ (၂၄)ဦးက ဆွေးနွေးပို့ချမည်ဖြစ်ပြီး သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၃၉၀)ဦးတို့ တက်ရောက်ကြသည်။ ၎င်း Grade -5 (သင်ရိုးသစ်) ဆွေးနွေးပွဲကို မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့ထိ (၄)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမိုး (ပြန်/ဆက်)