ပိုင်ကျုံမြို့တိုက်နယ်‌ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ပိုင်ကျုံ မေလ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ ကုသထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့က ပိုင်ကျုံတိုက်နယ်ဆေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ  ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်  ပြည်သူများအား တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ကျေးလက်ကျန်းမာ‌ရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုး ဦးဆောင်သော ကျန်မာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose တွင် (၁၂၀) ဦး၊ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံရမည့်သူ (၄၀) ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ မထိုးရသေးသူ (၂၀) ဦး စုစုပေါင်း (၁၈၀) ဦး လာရောက်ထိုးနှံလျက်ရှိပြီး ဆေးထိုးရန် ကျန်ရှိနေသေးသည့် ပြည်သူများကိုလည်း အလှည့်ကျထိုးနှံပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

နော်ခူး (ပြန်/ဆက်)