သတင်းများ

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပ
May 20,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မေလ ၂၀ ရက်၊ယနေ့ နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားပြုလုပ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရေးဒီဂရီ ကောလိပ်တွင် ယမန်နေ့မွန်းလွဲ (၁၃:၀၀)နာရီက ပညာနေခြည်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် အတွင်းရှိ ရပ်ကွက် / ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အထောက်အကူပြုအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိစွမ်းရည်မြှင့် သင်တန်းဆင်းပွဲကျင်းပ
May 20,2022
ဌာန၏ လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ဦးတည်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအရာရှိ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပန်း​တောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကဗျာရွတ်​ပြိုင်ပွဲကျင်းပ
May 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကဗျာရွတ်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်( ၉)နာရီ အချိန်က ကျင်းပခဲ့သည်။
စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲအိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရေးနှင့်ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့် ထိုးနှံ​ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စဉ့်ကူးမြို့ အမှတ်(၁)ရပ်ကွက်တွင် အသိပညာပေးနှိုး‌ဆော် ဆောင်ရွက်ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်တွင် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
May 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံအနီးရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အင်ကြင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ
May 20,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊တောမကျေးရွာရှိ ပညာ‌ရေးဝန်ကြီဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ကျောက်ဆည်တက္ကသိုလ်တွင် ၂၀၂၂  -  ၂၀၂၃ ၊   ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မေလ(၁၉)ရက်၊နံနက်(၁၀)နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။