သတင်းများ

ကွန်ဟိန်းမြို့၌ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
May 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန၊ သစ်တောဦးစီးဋ္ဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၈:၀၀)နာရီ အချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ "ကျောင်းအပ်နှံကြပါစို့῍ ဆောင်ပုဒ်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီက ရုံးလမ်း ၊သဲကုန်းမြို့မ ရဲစခန်းရှေ့၌ ကျင်းပသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာတွင် နွားချေးဖြင့်း သဘာဝမြေဩဇာ ပြုလုပ်နည်း လက်တွေ့ပြုလုပ်ပြသ
May 19,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး နွားချေးဖြင့် သဘာဝမြေဩဇာပြုလုပ်နည်းများကို ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသတည်ငြိမ် အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး ညှိနိုင်းအစည်း အဝေးတက်ရောက်
May 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်ရေး ညှိနိုင်းအစည်းအဝေးကို မေလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
တပ်ကုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ
May 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ကျောင်းသား၊ ကျောင်းသူများ  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းသားမိဘများ သိရှိစေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈နာရီက မြို့တွင်းရှားပင်ဆိပ် မီးပွိုင့်အနီးတွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြိုနယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်း
May 19,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီခွဲအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ မြသရဖူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန် အဘိတ်ဆေး ရည်ခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းတို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်
May 19,2022
မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ (၃၉) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် (၄၂) ရပ်ကွက်၊ သခင်ဘိုးလှကြီး ပတ်လမ်းတ‌စ်လျှောက်တို့၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါရပ်ကွက်များရှိ နေအိမ်များအတွင်း အဘိတ်ဆေး ရည်ခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။