မင်္ဂလာဒုံ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံအနီးရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း အင်ကြင်းခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲကို ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင် ရည်မြင့်မားစေရန်ရည်ရွယ်၍ မင်္ဂလာဒုံမြို့နယ် ပညာရေးမှူး ဒေါ်သန္တာဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းဆောင်ရွက်ခြင်းဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် (၄၈) ဦး တက်ရောက်လျက်ရှိကာ ဦးဆောင်ဆွေးနွေးသူ ဆရာ၊ ဆရာမ (၄) ဦးတို့က ဦးဆောင်ဆွေးနွေးလျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲကာလမှာ မေလ (၁၉) ရက်နေ့မှ မေလ (၂၀) နံနက် (၉) နာရီမှ မွန်းလွဲ (၂ ) နာရီထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆုလှိုင်(မင်္ဂလာဒုံ)