နေပြည်တော် မေ ၂၀
ဌာန၏ လုပ်ငန်းများကို အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်ဦးတည်၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအရာရှိ စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား ခေါင်းဆောင်ထံ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။
အဆိုပါ အရာရှိစွမ်းရည်မြှင့် သင်တန်း (၁/၂၀၂၂) ကို နှစ်ပတ်ကြာဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး ၃၄ ဦး တက်ရောက်ကြကြောင်း သိရသည်။
ဒက္ခိဏ(ခရိုင်ပြန်/ဆက်)