သတင်းများ

မြစ်ကြီးနားမြို့၌ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အိတ်လျော့ချရေး "သန့်ရှင်းမြန်မာ" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်
May 19,2022
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် SEQUA SWITCH ASIA တို့ ပူးပေါင်းမှုဖြင့် ကချင်ပြည်နယ်အတွင်းရှိ ဈေးသူ ဈေးသားများ အငယ်စား၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စီးပွားရေးလုပ်ငန်းရှင်များကို သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် ပလပ်စတစ်အိတ်လျော့ချရေး"သန့်ရှင်းမြန်မာ" ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲကို မေလနောက်ဆုံးအပတ်တွင် မြစ်ကြီးနားမြို့ အေးမြသာယာ အဆင့်မြင့်ဈေး၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့)ကွန်ပျူတာသင်တန်း၌ သဖန်းကိုင်း ဆရာတော်မှ အနီးကပ်ကြီးကြပ်သင်ကြား
May 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ၂၈ ရက်နေ့အဖြစ် မေလ ၁၈ရက်နေ့တွင် သဖန်းကိုင်းပရဟိတ ဆရာတော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ပွင့်ဖြူမြို့နယ်အတွင်း မဲစာရင်း မှန်ကန်စေရေးအတွက် နိုင်-၄ မှတ်တမ်းများ e-ID Excel Format ရေးသွင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
May 19,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက  ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းသို့ ရောက်ရှိပြီး ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့၏ နိုင်-၄ မှတ်တမ်းများ e-ID Excel Format ရေးသွင်းနေမှုအား   ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။
ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် စာအောင်သံဃာတော်များ အောင်လက်မှတ် ဆက်ကပ်ပူဇော်ပွဲနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ
May 19,2022
မြတ်ဗုဒ္ဓ၏ သာသနာတော်သုံးရပ်တွင် အခြေခံဖြစ်သည့် ပရိယတ္တိသာသာနာ ရှင်သန်ခိုင်မာစေရန် ရည်မျှော်မှန်း၍ ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင် မြို့နယ်တွင် ၂၀၂၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်ခဲ့သည့် သံဃာတော်အရှင်သူမြတ် များအား အောင်လက်မှတ် ဆပ်ကပ်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဝန်းအတွင်းရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေး
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
May 19,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့က  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းစည်းဝေး ကျင်းပ
May 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၌ ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
မိုးမိတ်မြို့နယ်တွင်  Community Centre တွင်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်
May 19,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး၊ အရေးပေါ်အသက်ကယ်ရန် အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ်သိနားလည်စေရန်အတွက် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လည် ၃ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။