စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင် မေ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၊တောမကျေးရွာရှိ ပညာ‌ရေးဝန်ကြီဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ကျောက်ဆည်တက္ကသိုလ်တွင် ၂၀၂၂  -  ၂၀၂၃ ၊   ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို မေလ(၁၉)ရက်၊နံနက်(၁၀)နာရီအချိန်က ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန၊  အဆင့်မြင့်ပညာဦးစီးဌာန၊  ကျောက်ဆည်တက္ကသိုလ်ပါမောက္ခ ချုပ်ဆရာမကြီး ဒေါက်တာရီရီဦးက တက္ကသိုလ်တက်ရောက်ကြသည့် ကျောင်းသား၊ကျောင်းသူများအား နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်း  နှုတ်ခွန်းဆက်ပြောကြားခြင်း နှင့်၂၀၂၂ -  ၂၀၂၃  ပညာသင်နှစ်တက်ရောက်ကြမည် ကျောင်းသား/သူများအား တက္ကသိုလ်ကျောင်းတော်ကြီးမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုလျက်ရှိရာ ပညာသင်နှစ်အလိုက် သင်တန်းများအား  (၁၂-၅-၂၀၂၂) ရက်နေ့တွင်  စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း စာသင်ကြားပေးမှု၊  စာသင်ဆောင်များပြင်ဆင်ထားရှိမှုနှင့်  ကျောင်းသား၊ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များတို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်ကတက္ကသိုလ် ကျောင်း သား/ ကျောင်းသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း၊ ညီငယ်၊ညီမငယ်များအနေဖြင့် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်စေရန် တက္ကသိုလ်ပညာသင်ယူရာတွင် မိမိကျောင်း၊ မိမိမိသားစု၊  မိမိပတ်၀န်းကျင်၊ နောက်တဆင့် မိမိတိုင်းပြည်အတွက် အကျိုးပြုနိုင်ဖို့ ကျောင်းတော်ကြီးက အသိပညာ၊ အတတ်ပညာတွေကို အာရုံစိုက်လေ့လာသင်ယူဖို့ အကြံပြုလိုပါကြောင်း၊  ကျောင်းတော် ကြီးကို လာရောက်သင်ယူရတဲ့ရည်ရွယ်ချက်ကို ပြန်လည်စမ်းစစ်ဖို့ လိုအပ်ပါတယ်၊  ကျောင်းသား၊ကျောင်းသူတွေ အေးချမ်းစွာ စာပေသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်း၊ ကျောင်းပြင် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် နွေးထွေးလှိုက်လှဲစွာကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဝိဇ္ဇာဘာသာရပ်များကိုယ်စား မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး)ဆရာမကြီးဒေါက်တာ၀င်းမင်းသန်းက ဝိဇ္ဇာဘာသာရပ်များအကြောင်းကိုလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ရုက္ခဗေဒဌာနပါမောက္ခ(ဌာနမှူး)ဆရာမကြီး  ဒေါက်တာစန်းစန်းဦးက  မောင်မယ်သစ်လွင်များကို သိပ္ပံဘာသာရပ်များအကြောင်းကိုလည်းကောင်း သိမှတ်ဖွယ်ရာများကို ပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးများ၊ စီမံအရာရှိများ၊ ဘာသာရပ်ဌာနအသီးသီးမှပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)