ပန်းတောင်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကဗျာရွတ်ပြိုင်ပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက်( ၉)နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာပန်းတောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ကလေးများကျောင်းပိတ်ရက် အားလပ်ချိန်တွင် စာကြည့်တိုက်သို့ စာပေများလာရောက်၍ လေ့လာဖတ်ရှုစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရန်ရည်ရွယ်၍ လစဉ်ပြိုင်ပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကဗျာရွတ် ပြိုင်ပွဲပြုလုပ်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသား/သူများ ဗဟုသုတရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်မင်းရပ်ရပ်ကွက် ၊ ဝန်လိုရပ်ကွင်မှ ကျောင်သား/သူ (၁၂)ဦး လာရောက်ယှဉ်ပြိုင်ရာ ဆုရရှိသော ကျောင်းသား/သူ ပထမဆု၊ ဒုတိယဆု၊ တတိယဆုများနှင့် နှစ်သိမ့်ဆုများကို မြို့နယ်ဦးစီးမှူးက အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး