ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show) ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ မေ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မေလ ၂၀ ရက်၊ယနေ့ နံနက် ၁၀ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ ဦးစီးမှူးဦးကျော်လင်းနိုင်နှင့် စာကြည့်တိုက်မှူး ဒေါ်နန္ဒာလှိုင်တို့မှ ပလပ်စတစ်၏ ဆိုးကျိုးများ၊ စွန့်ပစ်ပလပ်စတစ်များအား စနစ်တကျစွန့်ပစ်စေရေးနှင့်ကာကွယ်ရန် နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ၊ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကြရန်စသည့် သိကောင်းစရာအကြောင်းအရာများကို အကျယ်တစ်ဝင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေး (Talk Show)ဆွေးနွေးပွဲအား ပြည်သူများ အလွယ်တကူ လေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင် လွင့်တင်ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းနိုင် (ပြန်/ဆက်)