သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနားပြုလုပ်

င်္ဃန်းကျွန်း မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ င်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ပညာရေးဒီဂရီ ကောလိပ်တွင် ယမန်နေ့မွန်းလွဲ (၁၃:၀၀)နာရီက ပညာနေခြည်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းသား၊ ကျောင်းသူများအား ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်ကြသူများအား သင်တန်းသားသင်တန်းသူများက မင်္ဂလာရှိစေသော် သီချင်းဖြင့် ကြိုဆိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မောင်တို့မယ်တို့ဟာ ပညာရေးဒီဂရီ ကောလိပ်များကို ရွေးချယ်ပြီး ဆရာအတတ်ပညာကို လာရောက်သင်ယူ ဆည်းပူးကြသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် လောကမှာပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူသည် အမြတ်ဆုံးဆိုသည့် စကားနှင့်အညီ ပညာရေးလောကကို ဝင်ရောက်လာသည့်အတွက် လှိုက်လှဲစွာကြိုဆိုပါကြောင်း ပြောကြားခဲ့ပြီး င်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က ကျောင်းသင်ခန်းစာမှသည် … ဘဝအတွက် သင်ခန်းစာများ ဖြစ်သွားသည်အထိ ဆရာ၊ ဆရာမများက တာဝန်ယူလေ့ကျင့် သင်ကြားပေးသွားကြရမှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဗလငါးတန်နဲ့ပြည့်စုံတဲ့ မျိုးဆက်သစ် လူရည်ချွန်၊ လူရည်မွန်များ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးသွားကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသူသင်တန်းသားများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား သင်တန်းသူ သင်တန်းသားများကိုယ်စား ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းသီအောင်က လက်ခံရယူခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူသင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး တပည့်ကောင်းများစွာ မွေးထုတ်နိုင်သော ဆရာ၊ ဆရာမကောင်းများ ဖြစ်ကြပါစေဟု ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)