သတင်းများ

ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် တူးဖော်လှူဒါန်းသည့် လေးလက်မစက်ရေတွင်း သောက်သုံးရေချို စတင်ထွက်ရှိ
May 19,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် စေတနာအလှူရှင်များ စုပေါင်း၍ မေလ ၁၀ ရက်နေ့ကစပြီး လေးလက်မစက်ရေတွင်း တူးဖော်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါ လေးလက်မစက်ရေတွင်းမှ သောက်သုံးရေချိုများ စတင်ထွက်ရှိလာပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် တောင်ချောင်းဆုံကျေးရွာမှ  ဒေသခံပြည်သူများထံက သိရသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre)၌ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကျင်းပ
May 19,2022
ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကိုမေလ ယမန်နေ့ နံနက်၈:၃၀အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညိုမြို့နယ်တွင် သက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲ ပြုလုပ်
May 19,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ သက်မွေးဝမ်းကျောင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပေါက်ကုန်းအုပ်စု၊ မိုးသီတာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
ရေနံချောင်းတက္ကသိုလ်၌ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြား
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းတက္ကသိုလ် နေ့သင်တန်းများကို ယခုလ မေ ၁၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
မင်းလှမြို့တွင် ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၇ နာရီချိန်က အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ ရထားလမ်းကွေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ၊ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်
မိုးညိုမြို့နယ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ
May 19,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာဈေးရှေ့လမ်းဆုံတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ ဒေသစိမ်းလန်းစိုပြည်ရေး မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
May 19,2022
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရေး၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး မိုးရာသီအကြို လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ နယ်သစ်တောဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)ကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။