သတင်းများ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ် သတ္တမ အစည်းအဝေး ကျင်းပ
May 19,2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ) ၏ စတုတ္ထအကြိမ် သတ္တမ အစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယက ကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သာယာဝတီခရိုင်အတွင်း၌ ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ် တစ်ပြိုင်တည်း စိုက်ထူ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၇ နာရီချိန်က ခရိုင်အတွင်းရှိ မြို့နယ် ၈ မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်စိုက်ထူခဲ့ကြကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”   ဆိုင်းဘုတ်စိုက်ထူ
May 19,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် (၈) နာရီအချိန်ခန့်က နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူခဲ့ကြသည်။
ကျောက်တံတားမြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌‌ဆေးများ ဆက်လက်ထိုးနှံပေး
May 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌နောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက်
ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား စတင်ထုတ်ချေးပေး
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအား ယမန်နေ့ (၃:၀၀)နာရီက စတင်ပြီး မင်းတဲကျွန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၅)ဦးကို ချေးငွေ (၄၀၅၀၀၀၀) သိန်းအား စတင်ထုတ်ချေးပေးလျက်ရှိသည်။
ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
May 19,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ ၂၀၂၂ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
May 19,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဋ္ဌာန၊ သစ်တောဦးစီးဋ္ဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲအား ယနေ့ နံနက် (၈:၀၀)နာရီ အချိန်ခန့်က အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ "ကျောင်းအပ်နှံကြပါစို့῍ ဆောင်ပုဒ်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီက ရုံးလမ်း ၊သဲကုန်းမြို့မ ရဲစခန်းရှေ့၌ ကျင်းပသည်။