မိုးညို မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူခြင်းကို ယနေ့နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာဈေးရှေ့လမ်းဆုံတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါမြေစိုက်ပိုစတာတွင် ၂၀၂၂ခုနှစ်၊မေလ (၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့ထိသည် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပါသည်၊ ကျောင်းသားမိဘများ အနေဖြင့် သတ်မှတ်ထားသည့် သီတင်းပတ်အတွင်း မိမိတို့၏ သားသမီးများအား အချိန်မီ ကျောင်းအပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အတွင်းရေးမှူး ရဲမှူးဝင်းကျော်ကျော်လွင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းဦးနှင့် ပညာရေးဝန်ထမ်းများက မြေစိုက်ပိုစတာအား စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ကိုမင်း