တပ်ကုန်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူ
May 19,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့အတွင်း ကျောင်းသား၊ ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးအတွက် ကျောင်းသားမိဘများ သိရှိစေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက် ၈နာရီက မြို့တွင်းရှားပင်ဆိပ် မီးပွိုင့်အနီးတွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။