ကန့်ဘလူ မေ ၁၉
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည်နိုင်စေရေး၊ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့် ရာသီဥတု ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး မိုးရာသီအကြို လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ နယ်သစ်တောဦးစီးဌာန စီစဉ်ဆောင်ရွက်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)ကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ အစိုးရ စက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စိုးလွင်နှင့် ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်း ၃၀၀ ဦးတက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် သစ်တောဦးစီးမှူးတို့က တက်ရောက်လာသော ဌာနဆိုင်ရာများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကြ သည်။ ထို့နောက် ခရိုင် /မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) ကျောင်းဝင်းအတွင်း သတ်မှတ်နေရာ အသီးသီးတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးကြသည်။
အဆိုပါ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့် နှစ်ပေထက် ပျိုးပင်များဖြစ် သော ကျွန်းပင် ၁၀၀၊ ပိတောက်ပင် ၁၀၀၊ မန်ဂျန်ရှားပင် ၁၀၀၊ တမာပင် ၁၀၀၊ ယူကလစ်ပင် ၁၀၀၊ မယ်ဇလီပင် ၁၀၀နှင့် သင်္ဘောတယ်ပင် ၁၀၀ စုစုပေါင်းအပင် ၇၀၀ ကို အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ) ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေး စုပေါင်း စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)