မင်းလှ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆိုင်းဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် ၇ နာရီချိန်က အမှတ်(၇) ရပ်ကွက်၊ ဗိုလ်ရုံတန်းလမ်း၊ ရထားလမ်းကွေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိုင်းဘုတ်စိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သန်း၊မြို့နယ်ပညာရေးမှူး ဒေါ်သန်းဌေးနှင့် ဌာနဆိုင်ရာများက ပူးပေါင်းစိုက်ထူပေးခဲ့ကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)