သတင်းများ

ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
May 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကလေးစာဖတ်ခန်း၌ ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာစေရန် ၊အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတက်စေရန် ရည်ရွယ်၍ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီခွဲအချိန်က ကျင်းပခဲ့သည်။
လှိုင်မြို့နယ်တွင် ဈေးကားနှင့်သား၊ ငါးများကို ဈေးနှုန်းသက်သာစွာရောင်းချပေး
May 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၀၇:၀၀)နာရီအချိန်မှစတင်၍
လဲချားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ
May 18,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနံရံကပ် စာစောင်ကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြေစိုက်နံရံကပ်ပြဘုတ်တွင်  ပြသဆောင်ရွက်ထားပါသည်။
ညောင်ဦးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအုတ်တံတိုင်းပေါ်တွင် လဲကျနေသည့် ကန္တာရပင်အား မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ရှင်းလင်းဖယ်ရှား
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၄)၊အောင်သိဒ္ဒိရပ်၊ အင်္ဂါထောင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယနေ့နံနက် ၇နာရီခွဲအချိန်က ကန္တာရပင်အမြစ် ခြေမှလဲကျကာ ဘုန်းတော်ကြီးကျောင်းခြံစည်းရိုး အုတ်တံတိုင်းပေါ်လဲကျကာ အပြင်ဘက်လမ်းပါပိတ်ဆို့နေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
နောင်တရားဒေသထွက် လက်ဖက်ခြောက် ဈေးနှုန်းကျဆင်းခြင်းကြောင့် လက်ဖက်စိုက်တောင်သူများ အခက်တွေ့
May 18,2022
ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် လက်ဖက်ခြောက်များ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းကျဆင်းခြင်းကြောင့် လက်ဖက်စိုက်တောင်သူများ အခက်တွေ့လျက်ရှိကြောင်း လက်ဖက်စိုက်တောင်သူတစ်ဦးထံမှ သိရသည်။
မဘိမ်းမြို့၌ နမ့်ပုံးပုံးရပ်ကွက် ကုက္ကိုလ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ  အများပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၅)သန်း ဖြင့် မဘိမ်းမြို့၊ နမ့်ပုံးပုံးရပ်ကွက်၊ ကုက္ကိုလ်လမ်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို မေ ၁၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သာစည်မြို့၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်
May 18,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးပြုစုခြင်းသင်တန်းကို မေ ၁၈ ရက် နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။