မဘိမ်း မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်စည်ပင်သာယာရေးဌာနမှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်တွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၉.၇၅)သန်း ဖြင့် မဘိမ်းမြို့၊ နမ့်ပုံးပုံးရပ်ကွက်၊ ကုက္ကိုလ်လမ်းတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို မေ ၁၈ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့လုပ်ငန်းများ ဆောင်ရွက်ရာတွင် နမ့်ပုံးပုံးရပ်ကွက်၊ ကုက္ကိုလ်လမ်းအား အရှည်(၃၇၅) ပေ၊ အကျယ်(၁၂)ပေနှင့် ထု(၆)လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအ တွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးဝင်းမြတ် ကျော်နှင့် အငယ်တန်းအင်ဂျင်နီယာ(၂) ဦးထွန်းအောင်ခိုင်တို့မှ အနီကပ်ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက မြို့သန့်ရှင်သာယာလှပပြီး ရပ်ကွက် အတွင်းရှိ အများပြည်သူများ၏ လူနေမှုဘဝမြင့်မားလာပြီး သွားလာရေးအတွက် အဆင်ပြေလွယ် ကူစေမည့်အပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)