သတင်းများ

မဟာ‌အောင်မြေမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကြက်ခြေနီအခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
May 18,2022
မဟာ‌အောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ထားဝယ်မြို့တွင် မိုးရာသီတွင် စပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဆင်းသုခ(RS) မျိုးသန့်မျိုးပွား မျိုးစေ့အိတ်များအား ပေးအပ်ပွဲအခမ်းအနား ကျင်းပ
May 18,2022
မိုးရာသီတွင် စပါးမျိုးစေ့ထုတ်တောင်သူများအတွက် ဆင်းသုခ(RS)မျိုးသန့်မျိုးပွားမျိုးစေ့အိတ်များအား ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နမ္မတူတွင် “မြို့မဈေး” သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပပြုလုပ်
May 18,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “မြို့မဈေး” သမဝါယမအသင်း လီမိတက်၏ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံးခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွမြို့နယ်န်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုး ကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နဝမအသုတ် ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose အနေဖြင့် ပထမအကြိမ်တွင် (၂၇၂၄) ဦး ဒုတိယအကြိမ်တွင် (၂၉၄၈) ဦး ထိုးနှံပြီးဖြစ်
May 18,2022
ကျေိာက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အသက်(၆၅)နှစ်မှ အသက်(၁၈)နှစ်ပြည့် ပြီးသူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ဆေးထိုးစုရပ်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုကျောင်း၌ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာ သင်ကြား
May 18,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုကျောင်း၌ မေ(၁၂)ရက်နံနက်(၉)နာရီက  ၂၀၁၉-၂၀၂၀  ပညာသင်နှစ် AGTI မထမနှစ်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် AGTI တတိယနှစ်သင်တန်းများ စတင်ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်
May 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
May 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကလေးစာဖတ်ခန်း၌ ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာစေရန် ၊အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတက်စေရန် ရည်ရွယ်၍ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီခွဲအချိန်က ကျင်းပခဲ့သည်။