လှိုင်မြို့နယ်တွင် ဈေးကားနှင့်သား၊ ငါးများကို ဈေးနှုန်းသက်သာစွာရောင်းချပေး

လှိုင် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၀၇:၀၀)နာရီအချိန်မှစတင်၍ အမှတ်(၁၂)ရပ်ကွက်၊ မင်းဓမ္မာပညာ့ရိပ်သာအိမ်ရာဝန်းတွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့်ဆိတ်သားများကို စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးလျက်ရှိရာ ကြက်သားတစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ(၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ(၂၀၀၀၀)ကျပ်ဖြင့် ​စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ပြည်သူများအဆင်ပြေစွာဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်(ပြန်/ဆက်)