ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်

ပင်လုံ မေ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှု့နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အပတ်စဥ်စာအုပ်အသစ်များ သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါဆောင်ရွက်ခြင်းတွင် သုတ/ရသစာအုပ်များမဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များအားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ စာဖတ်ပရိတ်သတ်များ ထံလက်ဝယ်အရောက်ငှားရမ်းပေးခဲ့ပြီး အဆိုပါဆောင်ရွက်ခြင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)