ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

 

ပြည်ကြီးမဏ္ဍိုင် မေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ကလေးစာဖတ်ခန်း၌ ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးများ ထက်မြတ်လာစေရန် ၊အများသူငှာရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန်နှင့် စာကြည့်တိုက်အား အသုံးပြုတက်စေရန် ရည်ရွယ်၍ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်၁၀နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ် ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ကြီးမဏ္ဍိုင်မြို့ စာပေဝါသနာရှင်ကလေးငယ်များ (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကလေးငယ်များအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုးမြတ်နန္ဒာ(ပြန်/ဆက်)